လက်တာဆွိုင်း ဗူးဒီဇိုင်းအသစ် !!

အမြဲတမ်းခောတ်မှီ ဆန်းသစ်နေပြီးတော့ ထူးကဲတဲ့အရသာတို့နှင့်ပြည့်စုံတဲ့အပြင် ပုံမှန်အတိုင်းအရည်သွေးပြည့်ဝ ပဲနော်

ကျွန်ုပ်တို့သည်ကုန်ကြမ်းရွေးချယ်ခြင်းမှ စ၍အဆင့်ဆင့် ဂရုစိုက်ထုတ်လုပ်ခဲ့သည့်အပြင်  သန့်ရှင်းစင်ကြယ်သော ခောတ်မှီနည်းပညာများဖြင့် နိုင်ငံတကာ စံချိန်စံနှုန်းမှီစေရန်

အရည်သွေးမြင့်ပဲနို့ ကို ထုတ်လုပ်ထားပါသည်။ အရည်သွေးမြင့်ပြီး မည်သည့်အရသာနှင့်မျှမတူဘဲ တစ်မူထူးခြား လှသည့် လက်တာဆွိုင်းပဲနို့မှ မြင့်မားသောအဟာရဓာတ်တွေ ရရှိနိုင်သည့်အပြင် မရှိမဖြစ်လိုအပ်သော Amino acid ဓာတ် ( 9 ) မျိုးတို့ကိုလည်း ရရှိနိုင်ပါသည်။

မရှိမဖြစ်လိုအပ်သော Amino acid ဓာတ် ( 9 ) မျိုး

1   Isoleucine ကြောက်ရွံ့ထိတ်လန့်မှုနှုန်းလျော့ကျစေခြင်းနှင့် သင်ယူလေ့လာမှုနှုန်း မြင့်မားစေခြင်း
2   Leucine ဦးနှောက်လုပ်ဆောင်ချက်များ တိုးတက်စေခြင်း၊ကြွက်သားများ သန်မာစေခြင်း နှင့် အာရုံခံစနစ်ကောင်းမွန်စေခြင်း
3   Lysine ရေရုံရောဂါနှင့် အရိုးပွ ရောဂါများဖြစ်ပွားခြင်းမှ ကာကွယ်ပေးနိုင်ခြင်း
4  Methionine   သွေးကြောအသစ်များနှင့် ကြွက်သားအသစ်များ တည်ဆောက်ရာ၌ အထောက်ကူပြုခြင်း ၊ အဆစ်ရောင်ရောဂါများဖြစ်ပေါ်ခြင်းမှ ကာကွယ်ပေးသော ဓာတ်တစ်မျိုးပါဝင်ခြင်း ၊အသည်းထဲမှ အဆီများလျော့ကျစေနိုင်ခြင်း ။
5 Phenylalanine   စိတ်ကျရောဂါ ဖြစ်ပေါ်စေခြင်းများအားကာကွယ်ပေးခြင်း ၊ဦးနှောက်မှတ်ညဏ် တိုးတက်စေခြင်း၊အစားစားချင်စိတ်ဖြစ်ပေါ်စေခြင်း ။
6 Threonine   အသည်း ၊ နှလုံး ၊ ပင်မအာရုံဏ်ကြော တို့အားအထောက်ကူပြုခြင်း ၊ ခန္ဓာကိုယ်အတွင်း တစ်ရှုးနှင့် collagen ဓာတ်များထုတ်လုပ်ရာ၌ Threonine ဓာတ်အားမရှိမဖြစ်လိုအပ်ခြင်း ၊ အရိုးဆစ်များသန်မာစေရန် အထောက်ကူပြုခြင်း ၊ တစ်ရှုးများ ပျက်စီးခြင်းမှ ကာကွယ်ပေးခြင်း ။
7 Trytophan ခေါင်းတစ်ခြမ်းကိုက်ခြင်းနှင့် စိတ်ဖိစီးမှုများလျော့ကျစေနိုင်ခြင်း သဘာဝအတိုင်း အိပ်စက်အနားယူနိုင်ခြင်း
8 Valine ဦးနှောက်ရဲ့ စွမ်းရည် နှင့် ကြွက်သားများညှိနှိုင်းလုပ်ဆောင်နိုင်ခြင်း
9 Histidine ဦးနှောက်အားအင်ကောင်းမွန်စေခြင်းတို့အပြင်သွေးနီဥနဲ့သွေးဖြူဥများထုတ်လုပ်ခြင်းကြောင့်ခန္ဓာကိုယ်အဆိပ်တောက်ဖြစ်စေခြင်းများအား ကာကွယ်ပေးခြင်း ၊ဓာတ်ရောင်ခြည် ( သို့) သတ္တုဓာတ်များကြောင့် ကိုယ်ခန္ဓာတစ်သျှူးများပျက်စီးခြင်းမှ ကာကွယ်ပေးနိုင်ခြင်း

လက်တာဆွိုင်း ရပ်တန့်မနေဘဲ
တစ်ဆင့်ထက်တစ်ဆင့်ရှေ့သို့တိုး၍
ဆန်းသစ်တီထွင်ဖန်တီးမှုများနှင့်အတူ
စားသုံးသူတို့အပေါ်
စိတ်စေတနာအရင်းမှန်နဲ့ ပြန်လည်ကျေးဇူးတုံ့ပြန်သည့်အနေဖြင့်
စားသုံးသူတို့ ကျန်းမာရေးကောင်းမွန်စေရန်
ရည်ရွယ်၍ အရည်သွေးမြင့်ပဲနို့ကို ထုတ်လုပ်ထားပါသည်

Start typing and press Enter to search